မုန့်ပြုလုပ်မှု့အလွဲများ

 

မုန့်ပြုလုပ်မှု့အလွဲများ 

***************

  ဝါသနာအရ ပဲဖြစ်ဖြစ် ၊ အသက်မွေးဝမ်းကြောင်း အရပဲဖြစ်ဖြစ် မုန့်လုပ်တဲ့သူတော်တော်များများက ပါဝင်စ္စည်း များအကြောင်းနှင့် မုန့်ဖုတ်တဲ့မီးအယူအဆတွေကိုမသိပဲ အချိန်တွေနဲ့အလုပ်လုပ်ကြတာများပါတယ်။

   ကြက်ဥနဲ့ သကြားကို ဘယ်နှစ်မိနစ်မွှေ  ပြီးရင် ဘာထပ်ထည့် နောက်ထပ် ဘယ်နှစ်မိနစ် ထပ်မွှေ စသည့် ဖြင့်လုပ်ကြတာများပါတယ်။

   အဲလိုလုပ်တဲ့နေရာမှာ အဓိက ဖြစ်နေတဲ့ အကြောင်းက ပါဝင်စ္စည်း တွေရဲ့ မတူညီတဲ့ လာရာတွေ ၊ အကျိုးပြုနိုင်စွမ်းတွေ ၊ စွမ်းအင်တွေ ၊ အခြားသော မမြင်နိုင်တဲ့ အခက်အခဲ တွေကြောင့် ပထမတခါ လုပ်တုန်းက အဆင်ပြေပြီ နောက်တခါလုပ်တော့အဆင်မပြေဘူး ဆိုပြီဖြစ်လာတတ်ကြပါတယ်။

ဥပမာအနေနဲ့ပြောရရင် မုန့်လုပ်ဖို့မိမိသုံးတဲ့ ကြက်ဥ က လတ်ခြင်း မလတ်ခြင်း ၊ ပါဝင်စ္စည်း များအား စနစ်တကျ ထိန်းသိမ်းထားခြင်း မရှိခြင်းကြောင့် အကျိုးပြုနိုင်စွမ်းတွေ ကျဆင်လာခြင်း ၊ လျှပ်စစ်မီးအား ကျဆင်နေခြင်းကြောင့် မိမိ သုံးနေသော မွှေစက်မော်တာများရဲ့ အပတ်ရေ မပြည်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။

  နောက် အရေးကြီးဆုံးအမှားက နာရီ ကိုပဲ အလွန်အမင်းအားကိုး နေတာပါပဲ။ဘယ်လိုဖြစ်နေရင် ဘာဖြစ်တော့မယ် ၊ မုန့်သားရဲ့ Texture က ဘယ်လိုဖြစ်နေပြီ စသည့်ဖြင့် မုန့်မွှေနေရင်း ဖြစ်နေတဲ့အရာတွေကို ဂရုမပြု ကြတော့ပါဘူး။ဘယ်နှစ်မိနစ်ပြည့်ပြီ ဘာထပ်ထည့်လိုက်မယ် ဆိုတာကိုပဲ နာရီ ကြည့်ပြီး စဉ်းစား နေတတ်ကြပါတယ်။

ဒါက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။

အဲလိုလုပ် နေတဲ့သူဆိုရင် အခုပဲ ရပ်လိုက်ဖို့အကြံပေးပါရစေ။

    မုန့်လုပ်တဲ့သူတွေကို ကျွန်တော် အနေနဲ့အကောင်းဆုံအကြံ ပေးချင်တာက 

(1) ပါဝင်ပစ္စည်းများ အကြောင်းကိုအသေးစိတ် သိဖို့လိုပါတယ်။

(2) မုန့်ဖုတ်မယ့်ဖိုရဲ့ အလုပ်လုပ်ပုံတွေကိုလဲ သေချာသိဖို့လိုပါလိမ့်မယ်။

(3) ကုန်ကြမ်း တွေကို စနစ်တကျ သိမ်းဆည်းထား တတ်ဖို့လဲလိုပါမယ်။


အောင်ခန့်ပိုင်

Pastry Chef

Comments