SP Timer


 SP Timer


Step က ၃ မျိုးလောက်ရှိတယ်။

၁။တချို့ကရောမွှေတယ်။

၂။ကြက်ဥသကြားမွှေတယ်။ဂျုံထည့်ပြီးမှနောက်ကလိုက်ထည့်တယ်။

၃။ဂျုံနဲ့ sp ရောထည့်ပြီ liquid နောက်ကလိုက်တာရှိတယ်။ တခါတည်း liquid ပါရောရိုက်တာရှိတယ်။ 

အဲတော့ sp ကိုဘယ်အချိန်မှာထည့်တာအကောင်းဆုံးလဲ ဆိုတာ မိမိ ဘာလုပ်ချင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်။ မုန့်က sp ထည့်လိုက်ပြီရင်အပွယူတဲ့နေရာမှာ အချို့က ကြက်ဥသကြားချည်းပဲနုညံ့အောင် အရင်ဆုံးမွှေလိုက်ပြီးမှ သကြားကြေတယ် ကြက်ဥနဲ့ပေါင်းသွားပြီဆိုမှ ဂျုံနဲ sp ထည့်ပြီးအပွယူတာ။ ဆိုလိုတာက volume နဲ့ texture ကိုအရင်ယူလိုက်တာ နောက်နည်းနည်းလေးကြာတော့မှ liquid နဲ လိုက်ပြီသတ်တာ။ 

မုန့်သားကိုပွပွကြီးလိုချင်တယ်ဆိုရင် ဂျုံတွေ ဘာတွေထည့် ပြီးရင်မွှေထားလိုက် နောက်မှ sp ထည့်ပြီး high speed နဲ့ရိုက်တင်လိုက်ရင် မုန့်သားကဆွဲတက်လာတယ်။ အဲလိုမဖြစ်ချင်ဘူး ငြိမ်ငြိမ်ဘေးပဲဖြစ်ချင်တယ်ဆိုရင် sp ထည့်ပြီးရင် slow speed, medium speed လောက်နဲ့ရိုက်ရင် မုန့်သားကပိတ်ပြီတော့ နေလိမ့်မယ်။ 

ဆိုလိုတာကတော့ sp ထည့်ပြီရင် high speed နဲ့ရိုက်ရင် မုန့်သားက အရမ်းပွတက်လာမယ် ဒါပေ့မယ့်ကြမ်းမယ်။ slow, medium speed လောက်နဲ့ရိုက်ရင် မုန့် သားက ပိတ်မယ် နုညံမယ်။ ကိုယ်ဘယ်လိုလိုချင်လဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ အခြေခံ သီအိုရီ ကဒါပဲ။

Sp ရဲ့သဘောက အရည်နဲ့တွေ့ရင်အလုပ်လုပ်မယ်။ volume နဲ့ texture ကိုအဓိကအားပေးမယ်။ volume လိုချင်ရင် high speed နဲ့ရိုက်မယ်။

volume မလိုချင်ရင် medium speed လောက်နဲ့ရိုက်မယ်။ 

အဲတော့ မှတ်ထားရမှာက sp ကို အရင်ထဲကတခါထဲထည့်ရင် level တခုထိပဲတက်မယ်။ နောက်မှလိုက်ထည့်ရင် ပိုတက်မယ်။ 

**ပွပွကြီးလိုချင်လာ နောက်မှလိုက်ထည့်။

**တခါတည်းအပိတ်လိုချင်တာလား တခါထဲရောထည့် ။


အောင်ခန့်ပိုင်

Pastry Chef

Comments