Topping and Whipping ကွာခြားချက်


 Whipping & Topping ကွာခြားချက်

====================


  Whipping က Dairly Product ပါ။

   Topping က Non Dairly Product ပါ။ သေသေချာချာပြောရင်တော့ Vegetable Fat ပါပဲ။

       ကွာခြားမှု့ကတော့ Price နဲ့ Storage ပါ။ 

Whipping ကစျေးကြီးပီတော့ Topping ကတော့ စျေးသိပ်မကြီးပါဘူး။


နို့ထွက်ပစ္စည်းကိုပစ်စလက်ခပ်ထားလို့မရပါဘူး။နို့ထွက်ပစ္စည်းမဟုတ်တဲ့ရိုးရိုး Veg Fat တွေကိုကြိုက်သလိုထာလို့ရပါတယ်။ကြိုက်တဲ့ အပူချိန် မှာကြိုက်သလိုလုပ်လိုရပါတယ်။အဲဒါကြောင့် Topping တွေကိုကြည့်ပါ။အခန်းပူထဲမှာလဲရိုက်လို့ရတယ်။တက်လာတာပဲ။whipping ကိုရိုက်ကြည့်ပါမရပါဘူး။အဓိကကွာခြားချက်ကနို့ထွက်ပစ္စည်းဟုတ်တာနဲ့မဟုတ်တာကွာခြားတာပါ။Topping ကိုရုတ်တရက်ကြည့်လိုက်ရင်နို့ထွက်ပစ္စည်းလို့ထင်ရပေမယ့်တကယ်တော့ Veg Fat ပါ။Veg Fat ဖြစ်တဲ့အတွက်တက်လာတဲ့ vol ကပိုပြီးများပါတယ်။ Butter ကို icing နဲ့ရိုက်တာနဲ့ shartening ကို icing နဲ့ရိုက်သလိုကိုကွာပါတယ်။Shartening က veg fat ဖြစ်တဲ့အတွက် Butter ကိုရိုက်တာထက်ပိုတက်ပါတယ်။


Whipping အကြောင်း


   Whipping ကနို့ထွက်ပစ္စည်းဖြစ်တဲ့အတွက်နို့ကထွက်လာတဲ့အဆီဓာတ်ပါမယ်။နွားနို့ဖြစ်တဲအတွက်ပရိုးတိန်းဓာတ်ပါမယ်။ကျန်တာကတော့ရေနည်းနည်းပါမယ်။အဲဒါကြောင့် whipping cream ဗူးတွေမှာ 35% ,36% အဲလိုမျိုးတွေ Cream ပါဝင်မှု့နှုန်းတွေကိုဖော်ပြထားတာပါ။

နို့ထွက်ပစ္စည်းတွေကို freezer ထဲမှာထည့်လိုမရပါဘူး။ထည့်မိရင်ကွဲပါတယ်။ဘာဖြစ်လိုလဲဆိုတော့ 35% သည်အဆီ ၊ကျန်တာကရေဓာတ် ။အဲနှစ်ခုကိုပေါင်းပြီးဆီနဲ့ရေနဲ့မျှထားတာ။ဆီနဲ့ရေကတတွဲတည်းဖြစ်နေတာ။အဲလိုဖြစ်ဖို့ကြာခံ Emulisifier နဲ့အကုန်လုံးကို ပေါင်းပေးထားတာပါ။

Emulisifier ဆိုတာ sp တမျိုးထဲကိုပြောတာမဟုတ်ပါဘူး။Emulisifier Group ထဲမှာ NH ဘယ်လောက်၊ H 10 ၊ E 13 အဲလိုမျိုးတွေရှိပါတယ်။အဲလို့ Emulisifier တွေနဲ့တွဲထားတော့အေးခဲနေတဲ့ထဲကိုထည့်လိုက်ပြီဆိုရင်အဆီတွေကသပ်သပ်ခဲသွားမယ်ရေကသပ်သပ်ကျန်ခဲ့မယ်။အဲဒါကြောင့်နို့ထွက်ပစ္စည်းများကို freezer ထဲမထည့်ရဘူးလို့ပြောခြင်းဖြစ်ပါတယ်။


Topping အကြောင်း


     Topping cream ကနို့ထွက်ပစ္စည်မဟုတ်ပါဘူး။သူ့မှာ ....

အနံ့အတွက် milk flavour ပါပါတယ်။ Veg fat ပါတယ်။အထူးသဖြင့် ဆီအုန်းကထုတ်တာပေါ့။

နောက် fruitos sugar ပါတယ်။ ( ဒီနေရာမှာနည်းနည်းရှင်းပြလိုပါတယ်။သကြားမှာ fruitos sugar နဲ့ sucrose sugar ဆိုပြီနှစ်မျိုးရှိပါတယ်။Sucrose sugar ဆိုတာကျွန်တော်တို့ရိုးရိုးသုံးနေကြသကြားပါ။Fruitos sugar ဆိုတာကတော့အသီးတွေကရတဲ့သကြားဓာတ်ကိုပြောတာပါ။ဥပမာ  ။mango, apple စတဲ့အသီးတွေကရတဲ့သကြားဓာတ်ကိုပြောတာပါ။Topping မှာပါတဲ့ veg fat ကတော့များသောအားဖြင့်ဆီအုန်းကထုတ်တာပါ။ပြီရင်အားလုံးကို combine လုပ်ပေးဖို့ emulisifier ပါမယ်။နောက်ရေဓာတ်အနည်းငယ်ပဲပါတဲ့အတွက် freezer ထဲမှာထည့်လိုရပါတယ်။ဆီကများတဲ့အတွက်သီးသီးသန့်သန့်ကြီးကွဲထွက်မသွားပါဘူး။

သတိထားရမယ့်အချက်ရှိပါသေးတယ်။

    Topping ကဆီဖြစ်နေတဲ့အတွက်မီးနဲ့ကျိုလို့မရပါဘူး။

    Whipping ကနို့ထွက်ပစ္စည်းဖြစ်တဲ့အတွက်ကျိုလို့ရပါတယ်။


  ကိုအောင်ခန့်ပိုင်

Pastry & Bakery Trainer                               


Comments